søndag den 11. august 2013
tirsdag den 30. juli 2013
søndag den 21. juli 2013
onsdag den 12. juni 2013
onsdag den 5. juni 2013
tirsdag den 14. maj 2013
( ၄ ) ကြိမ်မြောက် ဗုဒ္ဓနေ့
( ၄ ) ကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ ကျင်းပခြင်း
သာသနာတော် သက္ကရာဇ် ၂၅၅၇ ခုနှစ် ကောဇာ သက္ကရာဇ် ၁၃၇၅ခုနှစ် ကဆုန်လ
ဆန်း ( ၉ ) ရက်နေ့ စနေ နေ့ ခရစ်နှစ် ၂၀၁၃ ခုနှစ် မေလ ( ၁၈ ) ရက်နေ ကြိုတင်ပြီး ကဆုန်
လပြည် ဗုဒ္ဓနေ့ကို ဒိန်းမတ်နိုင်ငံ ဘာမင်းမြိုရှိ ဗုဒ္ဓရံသီ မြန်မာဘုန်းတော်ကြီးကျောင်း တွင်
ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ကဆုန်လ ဆန်း ( ၉ ) ရက်နေ့ စနေ နေတွင် ပန်းရေချမ်း သစ်သီး ဆွမ်းများပူဇော်ဆီးကပ်ခြင်း
များပြုလုပ်ပြီး ညနေအချိန် ဗုဒ္ဓမြတ်စွာဘုရား ရေပူဇော်သပ်ပယ်ခြင်း ညအချိန် ကလေးများက
ဗျာရွက်ဖိတ်ခြင်း ဒါယိကာ / ဒါယိကာမ များနှစ် ကလေးငယ်များ စုပေါင်း၍ ဓမ္မစကြ်ာတရား
တော် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိုဖြစ်ပါ သောကြောင့် ဒိန်းမတ်နိုင်ငံ တွင်းရှိ ရပ်ဝေး
ရပ်နီးမှဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းအားလုံးတိုကို အတူတကွ တတ်ရောက်နိုင်ရန် အသိ
ပေး ဖိတ်ကြားနိုးဆော်လိုက်ရပါသည်။
ကျင်းပမည့်နေ့။ ။ ၁၈ / ၀၅ / ၂၀၁၃ ( ကဆုန်လဆန်း ၉ ရက် စနေ နေ့
အချိန် ။ ။ နံနက် ၁၀ နာရီ သစ်သီး/ ဆွမ်း / ရေချမ်း / ပန်းတိုဆီးကပ်ပြီး
ညနေခင်းတွင် ဘုရားတော်အား ရေသန့်ပယ်ပြီ ညပိုင်း ဓမ္မစင်္ကြာတရား
တော် ရွတ်ဖတ်ပူဇော်ခြင်းများဖြစ်သည်။
søndag den 24. marts 2013
lørdag den 16. marts 2013
ဘုန်းကြီးကျောင်းဘဏ်အကောင့်အသစ်ပြောင်း
ဘုန်းကြီးကျောင်းအဖွဲ့ ဝင်များအားအသိပေးအကြောင်းကြားပါသည်
ယခင် Nordik Bank မှအလုပ်မလုပ်တော့ပါသဖြင့်ဘဏ်အကောင့်
အသစ်
Reg- 8117
Konto Nr. 0002725856
Nykredit Bank
သို့ လစဉ်ကြေးများပြောင်းသွင်းပေးကြပါရန်လေးစားစွာဖြင့်
အကြောင်းကြားအပ်ပါသည်။

ဗုဒ္ဓရံသီဘုန်းကြီးကျောင်း
lørdag den 24. november 2012
lørdag den 10. november 2012
၂၀၁၂ ခုနှစ်စုပေါင်းဘုံကထိန်ပွဲတော်နှင့်မီးထွန်းပွဲ
စုပေါင်းဘုံကထိန်ပွဲတော်နှင့်တန်ဆောင် တိုင်မီးထွန်းပွဲတော် ဖိတ်ကြားစာ
၂၄.၁၁.၂၀၁၂ စနေနေ့ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင်စုပေါင်းဘုံကထိန်ပွဲတော်နှင့်
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ရပ်ဝေး ရပ်နီးမှ ဒကာ ဒကာမများ
ကြွရောက်လှူဒါန်းကြပါရန်လေးစားစွာနှိုးဆော်အပ်ပါသည်။
ဂျာမနီနှိုင်ငံမှဆရာတော်ဦးပညာဝံသကြွရောက်မည်ဖြစ်ပါသည်။
အစီအစဉ်
(၁) ၂၄.၁၁.၂၀၁၂ ၊ စနေနေ့ 
(၂) နံနက် (၁၁.၀၀) မှ ညနေ (၄.၀၀)အထိ ဘုံဆွမ်းကပ်လှူခြင်း၊သင်္ကန်းကပ်လှူခြင်း၊
တရားတော်နာရေစက်ချပြုလုပ်မည်ဖြစ်ပါသည်။
နေရာ။ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
Darumvej 74
6740 Bramming
lørdag den 20. oktober 2012
torsdag den 18. oktober 2012
onsdag den 17. oktober 2012
mandag den 15. oktober 2012
ဝဋ်မှာအမြဲ ငရဲမှာအပ
ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာလက်ခံပါသလား။ တနေ့ တနေ့ ကိုယ်လုပ်ခဲ့တဲ့
အလုပ်တွေထဲမှာ သူတပါးပေါ် မကောင်းကြံမိခဲ့တာလေးတွေ သိလို့ ပဲဖြစ်စေ၊
မသိလိုက်ပဲဖြစ်စေရှိနေတတ်ပါတယ်။ ကာယကံ၊ ၀ီစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးမှာ
မနောကံမြောက် ကာယကံနဲ့ ၊ မနောကံမြောက် ၀ီစီကံတို့ ဟာကြောက်ဖို
့အကောင်းဆုံးပါ။ ဒါကြောင့်အမှုတမှု ကိုဆုံးဖြတ်တော့မယ်ဆိုရင်တောင်
ကြိုတင်ကြံစည်မှုဆိုတာ ပိုပြီးကြီးလေးတတ်ပါတယ်။ ပြောချင်တာကတော့
ဘယ်အမှုကိုပဲ ပြုပြုပါ။ စိတ်ပါလက်ပါနဲ့  သူတပါးကိုမကောင်းမကြံမိပါစေနဲ့ ။
သိပ်ကြောက်ဖို့  ကောင်းပါတယ်။
ကံဆိုတာအလုပ်ပါ ကိုပြုခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီး တချိန်ကိုပဲပြန်ခံစား၊ စံစားရမှာပါ။ အဲ့တော့ ကိုဘယ်လမ်း လျောက်ခဲ့လဲ ကိုယ်လျောက်ခဲ့တဲ့လမ်းကို ပဲရောက်မှာပါ။ ဒါက နိယာမတခုပါပဲဆိုတာမမေ့ဖို့ လိုပါတယ်။ လူပေါ်လူဇော်လုပ်ပြီး ကိုယ်ကကောင်းစားသွားတော့ကော ကိုယ်၏ချမ်းသာခြင်းတော့ ပြည့်စုံမယ်၊ စိတ်၏ချမ်းသာခြင်း မပြည့်စုံဘူးဆို တာသင်တို့ လက်ခံလား။
တူသောအကျိုးပေးဆိုတာ မြင်တတ်ရင်တွေ့ ပါတယ်။ ကိုယ်တွေ့ ကော၊ ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစ္ဆာန် လေးတွေအပေါ်မှာ မတရားလုပ်မိခဲ့ရင်တောင် ၀ဋ်လိုက်တတ်ပါတယ်။ ငယ်ငယ်က အဖိုးတွေအဖွားတွေ ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီကောင်လေးတော့ ၀ဋ်လိုက်တော့မှာပဲဆိုတာလေ။ ၀ဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲ ဆိုတာ ကိုယ်ပြုခဲ့ တဲ့ ကုသိုလ်အဟုန်ကြီးနေရင် တောင်လွတ်နိုင်ပါသေးတယ်။ ကျော်သွားနိုင်ပါသေးတယ်။ ၀ဋ်ဆိုတာတော့ မိမိ သံသရာတလျောက် နိဗ္ဗာန် မရောက်ခင်စပ်ကြား အကြားအလပ်မရှိ လိုက်လာတတ်တာပါ။တန်ခိုးတော်အရာမှာ ဧတဒဂ် ဘွဲ့ ရတော်မူထားတဲ့ ရှင်မောဂ္ဂလန် ရဟန္တာကိုယ်တော်မြတ်ကြီးတောင် ၀ဋ်ကိုမကျော်နိုင်သွားပါဘူး။ ပရိနိဗ္ဗာန် စံခါနီး ဒိဌိ တွေလွှတ်လိုက်တဲ့  လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ ပရိနိဗ္ဗာန် ပြုခဲ့ရတာပါ။ တန်ခိုးတော်နဲ့ ဒီဟာကို ရှောင်လွှဲလို့ ရရဲ့သားနဲ့  ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ် ကိုပြန်လည်ပေးဆပ်ခဲ့ တာပါ။ အတိတ်ဘ၀တခုတုန်း က မယားရဲ့ အလိုဆန္ဒကိုလိုက်ကာ မျက်မမြင် မိခင်ဖခင်တို့ ကို တောထဲခေါ်ကာ ခိုးသားကြီးယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ ဖူးတဲ့ အတိတ်ဝဋ်ကြွေးကြောင့်ပါ။
ဝဋ်ကြွေးကို မြတ်ဗုဒ္ဓ ဘုရားရှင်တောင် ရှောင်လွှဲ လို့  မရခဲ့ပါဘူး။ တခုသောဘ၀တွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး ညီငယ်အား ကျောက်ဖြင့် ထုသတ်ခဲ့ဖူးသောအတိတ်ကံ၊ ပစ္စေကဗုဒ္ဓာ အား ကလေးဘ၀တခုတွင် ခြေမတော်ကို ကျောက်ဖြင့်အပျာ်သဘော ပြစ်ခတ်ခဲ့ ဖူးတဲ့အတိတ်ကံ၊ ပဒေသရာဇ်မင်း ဘ၀တခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံ တို့ ကြောင့် ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူသောအခါ ဒေ၀ဒတ် ၏ကျောက်မောင်းဆင် လုပ်ကြံမှု ကိုခံရခြင်း၊ ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊ ၄င်းဒါဏ်ရာ ကိုဆေးဆရာ ဇိဝက က ဓါးဖြင့်ခွဲစိပ် ကုသ တာကို ခံရခြင်း စတဲ့ဝဋ်ကြွေးတွေကို အစဉ်လိုက်ပြန်လည် ပေးဆပ်ရပါတယ်။
ဒါကြောင့်ကျတော်တို့ လိုပုတုဇဉ်များအတွက်တော့ အထူးသတိထားစရာပါ။ ၀ဋ်ဆိုတာ သူကတော့ ရဟန္တာ၊ သူကတော့ ဘုရားရှင်ဖြစ်တယ်ဆိုပြီး မျက်နှာလိုက်ရိုးထုံးစံ မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူးဆင်ခြင်သင့်ပါတယ်။ ငါသူ့ ကိုတခုလုပ်ထားတယ် တနေ့ ငါ့လဲ ငါလုပ်ထားသလိုပြန်ဖြစ်မှာပါလားဆိုတဲ့ သတိသံဝေဂ အမြဲရှိနေဖို့ လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ ရမယ့်သတ္တိတော့လိုမှာပေါ့ဗျာ။ အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့။ အဲ့လိုစိတ်မျိုးလေးထားလို့  အရာရာကိုဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒီဘ၀တော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘ၀မှ အကုန်ခံမယ်ဆိုတဲ့ လူစားမျိုးတွေလဲသတိထားစေချင်ပါတယ်။ တချို့ က အခုဖြစ်မှာမှမဟုတ်တာ ပျော်ပျော်နေတယ်ဘာဖြစ်လဲ ဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန်ပါသေးတယ်။ အထူးသတိထားစေချင်ပါတယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်းကြပါဘူး။ ဘ၀နီဂုံး တွေကိုကြည့်လိုက်ရင် မလှပကြပါဘူး။ မျက်စိရှေ့မှာတင် ၀ဋ်လည်တယ်ဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ မိတ်ဆွေတို့ ကြုံဖူး ကြားဖူးကြ မှာပါ။ ဒါတွေကို မြင်တတ်အောင် ကြည့်သင့်ပါတယ်။ ဥပမာယူသင့်ပါတယ်။ ဘာလုပ်လုပ် သူ့ နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်ကိုအမြဲမွေးသင့်ပါတယ်။ ဒါမှလဲလောကကြီးမှာ ဗြဟ္မစိုရ် ၄ပါး ဖြစ်တဲ့  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ထွန်းကားပြီး သာယာပြည့်စုံ မှာဖြစ်ပါတယ်။
တရားထူးမရလို့  အရိယာယ် ပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင် သူတော်ကောင်းတရားလေးတွေ ပွားများနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ရောက်ရာဘ၀တိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည့်နေရာရောက်ပါမယ်။ အဲ့ကတဆင့် ပါရမီပြည့် လို့ ကိုကလဲ ကျင့်ကြံနိုင်မယ်ဆို အရိယာယ် ပုဂ္ဂိုလ်တောင်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကံကံ၏ အကျိုးကိုလဲ ယုံ၊ ၀ဋ်ဆိုတာလည် တတ်တဲ့သဘောတရားရှိ တယ်ဆိုတာလက်ခံတဲ့ လူကောင်းလူမွန် လူသူတော်ကောင်းများဖြစ်စေခြင်ကြောင်းပါ။

torsdag den 17. maj 2012
ဒိန်းမတ်နိုင်ငံ EGF Hallen, Haraldsgade 39, 6700, Esbjerg မြို့တွင် ဂျူလိုင်လ (၂၁) စနေနေ့
၂၀၁၂ခုနှစ် နေ့လည် (၁)နာရီမှ စတင်၍ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင်၍ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များစွာပါဝင်မည့်
ညီညွတ်ခြင်း နှင်းဆီ အငြိမ့်နှင့်အတူ ရံပုံငွေ ဈေးရောင်းပွဲတော်ကိုကျင်းပ မည်ဖြစ်ပါ၍ ကြိုတင်လက်မှတ်များကို
၃၀၀၊ ၂၅၀ ခရိုနာများဖြင့် စတင်ရောင်းချ နေပြီဖြစ်ပါသည်။
ထိုင်ခုံနေရာအတွက် ၀င်ခွင့်လက်မှတ်ပြ၍ ကပွဲကျင်းပမည့် နေရာတွင်
(၁၀) ခရိုနာ ဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။
ကြိုတင်လက်မှတ်များကို အောက်ပါဖုန်းနံပါတ်များကို
စုံစမ်းမေးမြန်း ၀ယ်ယူနိုင်ပါသည်။
ကိုဝင်းမောင်သန်း ၂၃၄၂၁၅၅၂
(လက်မှတ် အရောင်း တာဝန်ခံ)
ရှယ်ရီရျူး ၂၉၉၁၉၈၇၁
စောစိုးချိုငြိမ်း ၅၀၂၂၇၉၉၈
မောင်မျိုးမျိုးအေး ၅၂၇၄၆၈၁၃
ကိုစောဖြူ ၄၂၂၀၈၁၁၇
ရဲစိုးငြိမ်း ၄၂၃၄၆၈၅၂
ကိုအောင်(ဘွန်းဟော)၂၁၆၉၉၄၇၈
ကိုစိုင်း ၅၀၂၃၀၀၂၇
søndag den 22. april 2012
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင်ဆရာတော်အဖြစ်
ရည်ရွယ်ထားသော ဆရာတော် ဦးကောဝိဒသည် ဧပြီလ
(၁၇) ရက်နေ့တွင် ဂျာမဏီမှ ဒိန်းမတ်သို့ရောက်ရှိပြီ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံး နေထိုင်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍
ရပ်နီး/ ရပ်ဝေးမှ ဒါယကာ /ဒါယကာမ များ အနေဖြင့် ဆွမ်း၊ သင်္ကန် ကပ်လှူလိုပါက
ပင့်ဖိတ် လှူဒါန်း နိုင်ပါသည်။
torsdag den 9. februar 2012
Abonner på:
Opslag (Atom)