Viser opslag med etiketten သတင်း. Vis alle opslag
Viser opslag med etiketten သတင်း. Vis alle opslag

lørdag den 7. august 2010

ဒုတိယအကြိမ် ရှင်ပြုရဟန်းခံပုံများ




၃၁.၀၇.၂၀၁၀ တွင် ဆရာတော်ဦးဥတ္တရ၊ ဦးသီလိတ္ထ၊ ဆရာတော်ဦးသြ၊ ဦးဥာဏ၊ ဦးကုမာရ အစရှိသည့် ဆရာတော်များအား အမှူးထား၍ ရှင်သာမဏေ (၈)ပါးမှ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး နောက်တစ်နေ့ ၁.၀၈.၂၀၁၀ နံက်တွင် ရဟန်းသံဃာအဖြစ်သို့ ရှင်သာမဏေ (၃) ပါးမှအသွင် ကူးပြောင်း တက်လှမ်းခဲ့ကြပါသည်။ ထို့နောက်တွင် ဆရာတော်ဦးဥာဏမှ ၂.၀၈.၂၀၁၀ နေ့တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လည် ကြွချီသွားတော်မူပါသည်။ ၃.၀၈.၂၀၁၀ တွင်မူပြင်သစ်မှ ရောက်ရှိလာသော ဆရာတော်ဦးကုမာရမှ ပြင်သစ်နိုင်ငံသို့ပြန်လည် ကြွချီသွားခဲ့ပါသည်။ ၄.၀၈.၂၀၁၀ တွင်မူ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း ( ဒိန်းမတ်) တွင် ၂၇.၀၇.၂၀၁၀ မှစ၍ဝါဆိုခဲ့သည့် ဆရာတော်ဦးသီလိထ္ထမှ ကျန်းမာရေးစစ်ဆေးရန် အကြောင်းကြောင့် အင်္ဂလန်နိုင်ငံသို့ ခေတ္တပြန်လည်ကြွချီ သွားတော်မူခဲ့ပြီး ဝါတွင်းကာလအတွင်း ပြန်လည်၍သီတင်းသုံး နေထိုင်မည်ဖြစ်ပါသည်။ ၅.၀၈.၂၀၁၀ တွင်မူ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ( ဒိန်းမတ်) ၏ဥက္ကဌဆရာတော် ဦးဥတ္တရမှ၎င်းနေထိုင် သီတင်းသုံးတော်မူရာ မူလကျောင်းတိုက်ဖြစ်သည့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကော်လန်ဒေး ကျောင်းတိုက်သို့ ပြန်လည်ကြွချီ တော်မူသွားပါသည်။ ယခုအခါတွင်မူမိမိတို့၏ ကျောင်းတိုက်တွင် ဆရာတော် တစ်ပါးတည်းသာ ဆက်လက်၍သီတင်းသုံး နေထိုင်နေပါသည်။ လက်ရှိကျောင်းတိုက်တွင် ရှိနေကြသောရှင်သာမဏေ ငါးပါးနှင့်ရဟန်းနှစ်ပါးမှာ ၈.၀၈.၂၀၁၀ တွင်ရှင်ရဟန်းအဖြစ်မှ ပြန်လည်၍ ထွက်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှု အဖွဲ့ ADB ခေါ် Aktionsgruppe for demokrati i Burma အဖွဲ့မှလည်း ၈၈၈၈ လူထုအုံကြွမှုအရေးအခင်းတွင် နိုင်ငံ့သားကောင်း ပီသစွာ အသက်ပေး စွန့်လွှတ်သွား ကြသည့်သူများအား ရည်စူး၍နှစ်ပတ်လည် အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ကို ၀၈.၀၈.၂၀၁၀ နေ့တွင် ဆက်ကပ်လှူဒါန်း ရေစက်ချ အမျှပေးဝေ၍ ဒိန်းမတ်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှအတွင်းရေးမှူး (၁) ကိုဆလိုင်းယောအောင်မှလည်း ၈၈၈၈ ဖြစ်ပေါ်လာပုံ အသေးစိတ်အား ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။ အထက်ပါပုံများမှ နှစ်သက်ရာပုံကို ဒေါင်းလုပ်လုပ်ချင်လျှင် ဒီနေရာကိုကလစ်၍ သွားရောက်ယူနိုင်ပါသည်။

lørdag den 31. juli 2010

ဒုတိယအကြိမ်မြောက်စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲ

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)
ရဟန်းခံ ရှင်ပြုပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ်များ

စနေနေ့ ၃၁.၀၇.၂၀၁၀

၁. ၁၄း၀၀ နာရီတွင် ရှင်လောင်းလှည့်စတင်မည်။
၂. ၁၅း၀၀ နာရီတွင် ဆံချအစီအစဉ်။
၃. ၁၇း၀၀ နာရီတွင် ရဟန်းရှင်သာမဏေ အဖြစ်သွတ်သွင်းမည်။
၎. ၁၉းနာရီ မှ ၂၁း၀၀ နာရီအထိ နှစ်ပတ်လည် စည်းဝေးပွဲ ကျင်းပပြုလုပ်မည်။


တနင်္ဂနွေနေ့ ၁.၀၈.၂၀၁၀

၁. ၀၉း၃၀ တွင်ရဟန်းအဖြစ် သို့ သိမ်ဝင်မည်။
၂. ၁၀း၀၀ နာရီတွင် သိမ်ဆင်း ဆွမ်းဆန်စိမ်းလောင်းလှူကြမည်။
၃။ ၁၁း၀၀ နာရီတွင် ဆရာတော်များနှင့် အတူတကွ (ဘုရားရှင်နှင့်သံဃာများ) အား ဆွမ်း
တော်ကပ်လှူ ပူဇော်မည်။
၎. ၁၃း၃၀ တွင် တရားတော်နာ ရေစက်ချ အလှူ ပြုလုပ်မည်။


နေ့စဉ်အစီအစဉ် ၀၂.၀၈ ၂၀၁၀ မှ ၀ရ.၀၈.၂၀၁၀ အထိ

တရားနာ၊ တရားထိုင် ခြင်း ကို ညနေ ၁၈း၀၀ နာရီမှစတင်မည်။
Print this post

søndag den 27. juni 2010

လုပ်အားဓါနပြုနေကြခြင်း


26.06.2010 စနေနေ့ တွင် ဓမ္မ မိတ်ဆွေများ စုပေါင်းပြီး ဘုန်းတော်ကြီးကျောင်း တွင်ဦးလှရွှေ၊ ဒေါ်အေးမူ
မိသားစုမှ စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းသမှု ပြုထားသော ကြမ်းခင်း ခင်းကျင်း ခြင်းနှင့်
အခြား လိုအပ်သည့် အရာများအားဝိုင်းဝန်း၍ လုပ်အားပေးနေကြစဉ်။
မှတ်ချက်။ ။ အထက်ပါပုံများတွင် မြန်မာပြည် ၏နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
၆၅ နှစ်မြောက် မွေးနေ့ပွဲအား ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများမှ ဘုန်းတော်ကြီးကျောင်းတွင်
အလေးထား၍ ဝိုင်းဝန်း ကျင်းပပေး နေသည့်ပုံများလည်း ပါဝင်ပါသည်။

Print this post

torsdag den 8. april 2010

ဒေါ်မာမာအေးနှင့်ဒိန်းမတ်မြန်မာ့သင်္ကြန်


မြန်မာ့ဂန္ထ၀င် ဂီတပညာကို ထမ်းသိမ်းမြှင့်တင်ဖို့၊ မြန်မာဂန္တ၀င်ပညာရှင်များကို ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ချက်များနှင့် အစဉ်တစိုက် ဆန္ဒရှိခဲ့သော ဒေါ်မာမာအေး နိုင်ငံရပ်ခြားမှာ နေထိုင်စဉ်အတွင်းမှာ ဘာသာရေးပွဲလမ်းများတွင် အသံလှူခြင်း၊ ဂီတဖျော်ဖြေပွဲများတွင် မြန်မာဂန္ထ၀င်တေးဂီတကို မိတ်ဆက်ပေးခြင်း၊ တေးဂီတ သင်တန်းများ ဆောင်ရွက်ပေးခြင်းအပြင် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ အသံလွှင့်အစီအစဉ်တခု အပတ်စဉ် ထုတ်လွှင့်ပေးလျက် လည်းနိုင်ငံရပ်ခြားတိုင်းတပါးမှာပင်အမိနိုင်ငံအတွက်တတ်စွမ်းသည့်ပညာများကိုတန်ဖိုးရှိစွာအသုံးချနေပါသည်။
ဒေါ်မာမာအေး အခြေချနေထိုင်သော ဖို့ဝိန်းအရပ်တွင်လည်း စေတနာဝန်ထမ်းလုပ်ငန်းများအဖြစ် ဆေးရုံများတွင် ကျန်းမာရေးပညာပေး လုပ်အားပေး ဆောင်ရွက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းကွမ်း အလှူအတမ်းများ ဆောင်ရွက်ခြင်း၊
မြန်မာကလေးငယ်များအား မြန်မာဂီတအခြေခံနှင့် ပီယာနိုအတီး သင်ပေးခြင်း ထို ကလေးများနှင့်အတူ ပွဲတော်များတွင်
သီဆိုဖျော်ဖြေမှု ပြုလုပ်ပြီး ကလေးများအား မြန်မာဂီတ၀ါသနာပါလာအောင် အားပေးစည်းရုံးခြင်းတို့ဖြင့် မိမိဂီတအလုပ်အားလပ်ချိန်တို့တွင် လုပ်ကိုင်နေလေ့ရှိပါသည်။
ထို့အပြင်လည်းနိုင်ငံကျော်တေးသံရှင်ဒေါ်မာမာအေးသည်မိမိရောက်ရှိရာ နိုင်ငံများတွင်လည်း
မြန်မာစာပေဟောပြောပွဲကဲ့သို့သောပွဲမျိုးများတွင် ၎င်းတတ်ကျွမ်းသည့် ဂီတအနုပညာရပ်နှင့် အတွေ့အကြုံများကိုလည်း
ဟောပြောပေးလေ့ရှိနေတတ်၍ ယနေ့ ၈.၄.၂၀၁၀ ည ၈ နာရီ တွင်လန်ဒန်မှဆရာတော်ဦးဥတ္တရ၊ ဦးသီတို့နှင့်အတူကျွန်ုပ်တို့၏ ဒိန်းမတ်မြန်မာသင်္ကြန်ကို လာရောက်အားပေးချီးမြှင့်ရန် Billund airport သို့ရောက်ရှိလာတော့မည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

ရည်ညွှန်း။ ။မိုးမခမာလတီမီဒီယာ




Print this post

fredag den 1. januar 2010

ဝဘ်ဆိုက်အလှူမင်္ဂလာသတင်းလွှာ


ရှေ့ဆောင်ဆရာတော်ဦးဥတ္တရ (လန်ဒန်)ကြီးမှူးပြီး ဗုဒ္ဓရံသီသာသနာပြုအသင်း အနေဖြင့်အလှူရှင်အများ၏
ထည့်ဝင်ငွေများနှင့်တည်ထောင်ခဲ့သော ဤဘုန်းတော်ကြီးကျောင်း၏အင်တာနက်ပေါ်မှကျောင်း၏လိတ်စာဖြစ်သည့်
ယခုလက်ရှိ www.monasterydk.org အားယနေ့ ၁.၁.၂၀၁၀ တွင်ကျရောက်သောကိုတေဇာတေ၏
မွေးသဖခင်ကျေးဇူးရှင်ကြီး၏မွေးနေ့ရက်မြတ်အားရည်စူး၍ကိုတေဇာတေမှအများသာဓုအနုမောဒနာခေါ်ဆိုပြီး
ကျောင်းတော်ကြီး၏အချက်အလက်များ၊ လှုပ်ရှားမှုဖြစ်စဉ်များစသည်တို့ကိုဝင်ရောက်ကြည့်ရှုနိုင်ရန် ၃ နှစ်စာတာဝန်ယူ
လှူတန်းလုပ်ဆောင်လိုက်သည့်အကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့......
အားလုံးကြားကြားသမျှ....အမျှ...အမျှ...အမျှ ယူတော်မူကြပါကုန်သော်။
သာဓု၊ သာဓု၊ သာဓု



Print this post