Viser opslag med etiketten သင်္ကြန်. Vis alle opslag
Viser opslag med etiketten သင်္ကြန်. Vis alle opslag

torsdag den 8. april 2010

ဒေါ်မာမာအေးနှင့်ဒိန်းမတ်မြန်မာ့သင်္ကြန်


မြန်မာ့ဂန္ထ၀င် ဂီတပညာကို ထမ်းသိမ်းမြှင့်တင်ဖို့၊ မြန်မာဂန္တ၀င်ပညာရှင်များကို ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ချက်များနှင့် အစဉ်တစိုက် ဆန္ဒရှိခဲ့သော ဒေါ်မာမာအေး နိုင်ငံရပ်ခြားမှာ နေထိုင်စဉ်အတွင်းမှာ ဘာသာရေးပွဲလမ်းများတွင် အသံလှူခြင်း၊ ဂီတဖျော်ဖြေပွဲများတွင် မြန်မာဂန္ထ၀င်တေးဂီတကို မိတ်ဆက်ပေးခြင်း၊ တေးဂီတ သင်တန်းများ ဆောင်ရွက်ပေးခြင်းအပြင် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ အသံလွှင့်အစီအစဉ်တခု အပတ်စဉ် ထုတ်လွှင့်ပေးလျက် လည်းနိုင်ငံရပ်ခြားတိုင်းတပါးမှာပင်အမိနိုင်ငံအတွက်တတ်စွမ်းသည့်ပညာများကိုတန်ဖိုးရှိစွာအသုံးချနေပါသည်။
ဒေါ်မာမာအေး အခြေချနေထိုင်သော ဖို့ဝိန်းအရပ်တွင်လည်း စေတနာဝန်ထမ်းလုပ်ငန်းများအဖြစ် ဆေးရုံများတွင် ကျန်းမာရေးပညာပေး လုပ်အားပေး ဆောင်ရွက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းကွမ်း အလှူအတမ်းများ ဆောင်ရွက်ခြင်း၊
မြန်မာကလေးငယ်များအား မြန်မာဂီတအခြေခံနှင့် ပီယာနိုအတီး သင်ပေးခြင်း ထို ကလေးများနှင့်အတူ ပွဲတော်များတွင်
သီဆိုဖျော်ဖြေမှု ပြုလုပ်ပြီး ကလေးများအား မြန်မာဂီတ၀ါသနာပါလာအောင် အားပေးစည်းရုံးခြင်းတို့ဖြင့် မိမိဂီတအလုပ်အားလပ်ချိန်တို့တွင် လုပ်ကိုင်နေလေ့ရှိပါသည်။
ထို့အပြင်လည်းနိုင်ငံကျော်တေးသံရှင်ဒေါ်မာမာအေးသည်မိမိရောက်ရှိရာ နိုင်ငံများတွင်လည်း
မြန်မာစာပေဟောပြောပွဲကဲ့သို့သောပွဲမျိုးများတွင် ၎င်းတတ်ကျွမ်းသည့် ဂီတအနုပညာရပ်နှင့် အတွေ့အကြုံများကိုလည်း
ဟောပြောပေးလေ့ရှိနေတတ်၍ ယနေ့ ၈.၄.၂၀၁၀ ည ၈ နာရီ တွင်လန်ဒန်မှဆရာတော်ဦးဥတ္တရ၊ ဦးသီတို့နှင့်အတူကျွန်ုပ်တို့၏ ဒိန်းမတ်မြန်မာသင်္ကြန်ကို လာရောက်အားပေးချီးမြှင့်ရန် Billund airport သို့ရောက်ရှိလာတော့မည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

ရည်ညွှန်း။ ။မိုးမခမာလတီမီဒီယာ




Print this post