søndag den 14. juni 2009

အပတ်စဉ် လုပ်အားပေး မှတ်တမ်းဓါတ်ပုံများ

အားလုံးသော ဓမ္မမိတ်ဆွေများခင်ဗျား ကျွန်တော်တို့၏ အပတ်စဉ် စနေနေ့တိုင်း လုပ်အားပေး အစီအစဉ်များကို လုပ်ဆောင် နေရာ တွင် ကျောင်းရင်ပြင် လမ်း ခင်းခြင်း ပြီးစီး၍ ပန်းပင် များစိုက်ပျိုးခြင်းမှာ အတော် အတန်ပြည့်စုံနေပါပြီ ဆက်လက်၍လည်း စိုက်ပျိုးနေပါသည်။ အိမ်သာနှင့် ရေချိုးခန်းကိုလည်း ဆက်လက် လုပ်ဆောင်နေကြပါသည်။ ကျွန်တော်တို့ ၏ ခန့်မှန်းချက်မှာ ဇူလိုင်လ ၁၈ နှင့် ၁၉ ရက်တို့ တွင် ပြုလုပ် မည့်ရှင်ပြုပွဲ အမှီ တည်ဆောက် ရန် ဖြစ်ပါသည်။ စေတနာရှင်များ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍတွင် ငွေအား ၊ လူအား ဖြင့် ပါဝင်ကူညီနိုင်ပါရန် တင်ပြအပ်ပါသည်။