lørdag den 18. juni 2011

၁၈.၀၆.၂၀၁၁ စနေနေ. ဆွေးနွေးပွဲမှတ်တမ်း

၁၈.၀၆.၂၀၁၁ စနေနေ. ဆွေးနွေးပွဲမှတ်တမ်း



ရဟန်းခံရှင်ပြုကိစ္စပယ်ဖျက်ခြင်း
နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ရဟန်းခံရှင်ပြုပွဲ နှင့် နှစ်ပတ်လည် အခမ်းအနား ကို ယခုနှစ်တွင် ကျင်းပပြုလုပ်ရန် အစီအစဉ်အား ပယ်ပျက်လိုက်ပါသည်။ အကြောင်းမှာ ရဟန်း နှင့် ရှင် ဒါယိကာ လိုအပ်ချက်ကြောင့်ဖြစ်ပါသည်။ ၀ါဆိုသင်္ကန်းကပ်လှူရန် အတွက် ၂၁.၀၇.၂၀၁၁ ရက်နေ့တွင် ဆရာတော်တစ်ပါး ကြွရောက်လာပြီးလျှင် ၂၃.၀၇.၂၀၁၁ ရက်နေ့ တွင်ဒိန်းမတ်နိုင်ငံ Jylland ကျွန်း၏မြောက်ပိုင်းဒေသ ၌ ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းအခမ်းအနားပြုလုပ်ကျင်းပမည်။ဖြစ်ပါသည်။


ကျောင်းဝယ်ယူထားခြင်းကိစ္စ
ဘုန်းတော်ကြီးကျောင်းအားယခင်ကပုဂ္ဂလိက နာမည်ဖြင့် ၀ယ်ယူထားခဲ့ပြီး ယခုအချိန်တွင် ကျောင်းအဖွဲ့အစည်း နာမည်ဖြင့် ပြန်လည် လွှဲပြောင်းယူရန် အဆင်သင့် အနေ အထား သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် မကြာမှီ အချိန်အတွင်း အဖွဲ့အစည်းနာမည် ဖြင့်လွှဲပြောင်းယူတော့ မည်ဖြစ် ပါ သည်။ ကျန်ရှိ နေသေးသည့် ဘုန်းတော်ကြီးကျောင်း ၀ယ်ယူထားသော အကြွေးကျန်ငွေ ၅၂၀၀၀၀ အား အမြန်ဆုံး ပေးချေနိုင်ရန်အတွက် လစဉ်ကျေး ပေးသွင်းနေသော မန်ဘာများမှ လစဉ်ကျေး အပြင် တစ်နှစ်လျှင် ၅၀၀ ခရိုနာ ထပ်မံပေးသွင်းကြရန် အစည်းအဝေး တက်ရောက်သူများ အားလုံးမှ သဘောတူသဖြင့် အစည်းအဝေး မတက်ရောက်နိုင်ခဲ့ကြသော အဝေးမှအဖွဲ့ဝင်များ ကိုလည်း မိမိတို့ သဘောထားများကို တင်ပြပေးရန် အကြောင်းကြား အပ်ပါသည်။ အစီအစဉ်မှာ ယခု လက်ရှိ ချေးငွေအား ပေးသွင်း နေသာ နှုန်းထားမှာ မနည်းသော် လည်း အတိုးနှုန်းထား မှာ မြင့်မားသောကြာင့် ဖြစ်သည်။