tirsdag den 14. maj 2013

( ၄ ) ကြိမ်မြောက် ဗုဒ္ဓနေ့

( ၄ ) ကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ ကျင်းပခြင်း သာသနာတော် သက္ကရာဇ် ၂၅၅၇ ခုနှစ် ကောဇာ သက္ကရာဇ် ၁၃၇၅ခုနှစ် ကဆုန်လ ဆန်း ( ၉ ) ရက်နေ့ စနေ နေ့ ခရစ်နှစ် ၂၀၁၃ ခုနှစ် မေလ ( ၁၈ ) ရက်နေ ကြိုတင်ပြီး ကဆုန် လပြည် ဗုဒ္ဓနေ့ကို ဒိန်းမတ်နိုင်ငံ ဘာမင်းမြိုရှိ ဗုဒ္ဓရံသီ မြန်မာဘုန်းတော်ကြီးကျောင်း တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကဆုန်လ ဆန်း ( ၉ ) ရက်နေ့ စနေ နေတွင် ပန်းရေချမ်း သစ်သီး ဆွမ်းများပူဇော်ဆီးကပ်ခြင်း များပြုလုပ်ပြီး ညနေအချိန် ဗုဒ္ဓမြတ်စွာဘုရား ရေပူဇော်သပ်ပယ်ခြင်း ညအချိန် ကလေးများက ဗျာရွက်ဖိတ်ခြင်း ဒါယိကာ / ဒါယိကာမ များနှစ် ကလေးငယ်များ စုပေါင်း၍ ဓမ္မစကြ်ာတရား တော် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိုဖြစ်ပါ သောကြောင့် ဒိန်းမတ်နိုင်ငံ တွင်းရှိ ရပ်ဝေး ရပ်နီးမှဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းအားလုံးတိုကို အတူတကွ တတ်ရောက်နိုင်ရန် အသိ ပေး ဖိတ်ကြားနိုးဆော်လိုက်ရပါသည်။ ကျင်းပမည့်နေ့။ ။ ၁၈ / ၀၅ / ၂၀၁၃ ( ကဆုန်လဆန်း ၉ ရက် စနေ နေ့ အချိန် ။ ။ နံနက် ၁၀ နာရီ သစ်သီး/ ဆွမ်း / ရေချမ်း / ပန်းတိုဆီးကပ်ပြီး ညနေခင်းတွင် ဘုရားတော်အား ရေသန့်ပယ်ပြီ ညပိုင်း ဓမ္မစင်္ကြာတရား တော် ရွတ်ဖတ်ပူဇော်ခြင်းများဖြစ်သည်။

lørdag den 16. marts 2013

ဘုန်းကြီးကျောင်းဘဏ်အကောင့်အသစ်ပြောင်း

ဘုန်းကြီးကျောင်းအဖွဲ့ ဝင်များအားအသိပေးအကြောင်းကြားပါသည်
ယခင် Nordik Bank မှအလုပ်မလုပ်တော့ပါသဖြင့်ဘဏ်အကောင့်
အသစ်
Reg- 8117
Konto Nr. 0002725856
Nykredit Bank

သို့ လစဉ်ကြေးများပြောင်းသွင်းပေးကြပါရန်လေးစားစွာဖြင့်
အကြောင်းကြားအပ်ပါသည်။

ဗုဒ္ဓရံသီဘုန်းကြီးကျောင်း