fredag den 4. marts 2011

၂၀၁၁ သင်္ကြန်ပွဲ

နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သော အတာသင်္ကြန်ပွဲတော် ကို ယခုနှစ်တွင်လည်း ၂၃.၀၄.၂၀၁၁ စနေနေ့ တွင် Bramming မြို့ ရှိ Bakkevej School ၌ ကျင်းပြပြုလုပ်မည်ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်စဉ် ပြုလုပ်ကျင်းပခဲ့သော သင်္ကြန်ပွဲကုန်ကျစရိတ်ကိုလည်း ယခင်နှစ်များကကဲ့သို့ပင် မိမိတို့ တတ်နိုင်လောက် ထည့်ဝင်ကြ၍ပိုလျှံငွေကိုဘုန်းတော်ကြီးကျောင်းသို့လှူဒါန်းမည်ဖြစ်ပါသည်။ နှစ်သစ်အတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များကကဲ့သိုပင် အကအဖွဲ့များ၊သီဆိုဖျော်ဖြေမှုများ နှင့် အကျွေးမွေး အစီအစဉ်များ ပါဝင်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ် မှာ ကာရာအိုကေ system ဖြင့် ပြုလုပ်ပေးမည်ဖြစ်ပါ၍ မည်သူမဆိုသီဆိုနိုင်ပါသည် သို့သော် မိမိသီဆိုမည့် သီချင်း အမည်နှင့် သီဆိုသူအမည် သို့မဟုတ် website address link ပေးပို့ရန်လိုအပ်ပါသည်၊ အကအဖွဲ့ များ အနေဖြင့်လည်း မိမိတို့ကမည့် သီချင်း အမည် နှင့် သီဆိုသူအမည် ကိုပေးပို့ရန်လိုအပ်ပါသည်။ သို့မှသာ အချိန်မှီစီစဉ်ပေးနိုင်မည်ဖြစ်ပါသည်။ ကာရာအိုကေ system ဖြစ်သဖြင့် သံစဉ် တစ်ခုသာထုတ်လွင့်ပေးမှာဖြစ် ပြီး စာသား အ၀င်အထွက် များဖေါ်ပြပေးမည်မဟုတ်ပါ။ သီဆိုဖျော်ဖြေမည့်သူများ thwinmaung@gmail.com သို့ ဖုန်းနံပါတ် ၂၈၅၉၂၅၅၂ ကိုဆက်သွယ်ပေးပို့ ကြပါရန် နှစ်သစ်ကိုပျော်ရွှင်မှုများဖြင့် အလှဆင်ကြပါစို့။