lørdag den 25. juli 2009

ပထမအကြိမ် စုပေါင်းရှင်ပြုပွဲနှင့်ဥရောပဆိုင်ရာရံသီအသင်းများဆွေးနွေးပွဲ

ဗုဒ္ဓရံသီမြန်မာဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်) တွင် ၁၇.၀၇.၀၉ နေ့တွင် ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ နှင့် နှစ်ပတ်လည် ဥရောနိုင်ငံများဆိုင်ရာ ရံသီများ သာသနာပြုအသင်း နှစ်ပတ်လည် အစည်းအဝေးကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။ စုပေါင်းရှင်ပြုပွဲကို ဒိန်းမတ်နိုင်ငံစံတော်ချိန် ညနေ ၂း၀၀ နာရီတွင်စတင် ၍ ရှင်လောင်းလှည့်ခြင်း ၊ ဆံချခြင်း၊ တရားနာယူ ၍ ရှင်အဖြစ်သွတ်သွင်းခြင်း ဖြင့်အဆုံးသတ်ခဲ့သည်။
ညနေ ၅း၀၀ နာရီအချိန်တွင် ဥရောပနိုင်ငံများဆိုင်ရာရံသီ သာသနာပြုအသင်းများ၏ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေး ပွဲ ကိုစတင်ပြုလုပ်ပါသည်။ အစည်းအဝေးပွဲသို့ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊နော်ဝေနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ကိုစန်းနိုင်(ဒိန်းမတ်) မှအခမ်းအနား မှုးအဖြစ်ဆောင်ရွက်၍ ၊ရုံးမှတ်တမ်းများကို ကိုလှရွှေနှင့် ကိုလှမင်း (ဒိန်းမတ်) မှ မှတ်တမ်း ပြုလုပ်ပါသည်။
(၁)။ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ပါသည်။
(၂)ဒုတိယအနေဖြင့် ရံသီသာသနာပြုအသင်းများ၏ သြ၀ါဒစရိယ ကမ္ဘာ့သာသနာပြု မလေးရှားနိုင်ငံ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ထံမှ သြ၀ါဒကိုခံယူကြပါသည်။
(၃)စင်္ကာပူဆရာတော် ဦးတိလောကသီရိ၏ ၀မ်းမြောက်ကြောင်း အနုမောဒနာစာလွှာကို ကိုသွင်မောင် (ဒိန်းမတ်)မှ ဖတ်ကြားပေးပါသည်။
(၄)ကြွရောက်လာကြသော ဆရာတော်များကိုစား ဥက္ကဌ ဆရာတော် ဦးဥတ္တရ (အင်္ဂလန်) နှင့်ဦးကုမာရ (ပြင်သစ်)
မှ သြ၀ါဒကထာများပြောကြားပေးပြီးနောက်
(၅) ဂျာမနီနိုင်ငံ ဗုဒ္ဓသာသနာ့ရံသီအသင်းကိုယ်စား အမှုဆောင် တစ်ဦးဖြစ်သူဦးသိန်းယု
(၆)နယ်သာလန်နိုင်ငံ ပညာရံသီဝိဟာရအသင်းကိုယ်စား အမှုဆောင်တစ်ဦးဖြစ်သူ ကိုဆွေဦး
(ရ) ဆွီဒင်နိုင်ငံ ရတနရံသီ အသင်းကိုယ်စားအမှုဆောင် ကိုကျော်သက် တို့မှအသီးသီး တင်ပြ ဆွေးနွေး ကြပြီးနောက်
(၈) (က) ဒိန်းမတ်နိုင်ငံ ဗုဒ္ဓရံသီသာသနာပြုအသင်း ကိုယ်စား အတွင်းရေးမှုး ကိုဝင်းမောင်သန်းမှ ကျောင်းစတင် ဖြစ်ပေါ်လာပုံနှင့်လုပ်ငန်းစဉ်များ။
(ခ) ဒိန်းမတ်နိုင်ငံ ဗုဒ္ဓရံသီသာသနာပြုအသင်း ဘဏ္ဍာရေးမှူး မပို(ခ) မ၀င်းဝင်းဌေး မှဘဏ္ဍာရေး ဆိုင်ရာ အချက် အလက်များ။
(ဂ) ဒိန်းမတ်နိုင်ငံ ဗုဒ္ဓရံသီသာသနာပြုအသင်း အဆောက်အဦးတာဝန်ခံ ကိုမင်းမင်းလှမှ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ကြပါသည်။
(၉)ထို့နောက် ဆရာတော်ဦးသိလိဠ(လန်ဒန်) မှဘုန်းတော်ကြီးကျောင်းများ၏အတွေ့အကြုံ များကိုတင်ပြ ဆွေးနွေး အကြံပြုပေး၍။
(၁၀)လန်ဒန်မြို့သာသနာရံသီဝိဟာရအသင်းကိုယ်စား နာယကကြီး ဦးစိန်ထွန်းအောင်မှ အကြုံပြုချက်များ ကိုမံဆွေးနွေးတင်ပြပါသည်။
(၁၁) ကြွရောက်လာသော သံဃာတော်များ နှင့် ဧည့်သည်တော်များအားလုံးအသီးသီး အကြံပြုချက်များ ဆွေးနွေး တင်ပြ၍ အစည်းအဝေးကို ဗုဒ္ဓသာသနံ စီရံတိတ္တု သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာ အဆုံးသတ် ခဲ့ကြပါသည်။
အတည်ပြုချက်များမှာ…..
(၁) နှစ်စဉ်ရံသီအသင်းများတွေ့ဆုံဆွေးနွေးပွဲကိုနိုင်ငံအလိုက် အလှည့်ကျစနစ်ဖြင့်ကျင်းပရန်။
(၂) ဥရောပဆိုင်ရာရံသီအသင်းများအချင်းချင်း အပြန်အလှန် ကူညီဆောင်ရွက်ကြရန်။
(၃) ဥရောပဆိုင်ရာရံသီအသင်းများကိုယ်စားပြုအသင်းဖွဲ့စည်းတည်ထောင်ရန်။
(၄) ဥရောပဆိုင်ရာရံသီအသင်းများကိုယ်စားပြုအသင်းတွင် နိုင်ငံအသီးသီး မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရန်။
(၅) ဗုဒ္ဓဘာသာအဓွန့်ရှည်တည်တံ့၍ဥရောတွင် မျိုးဆက်သစ်များအား သာသနာ့အမွေ ပေးခဲ့ရန် တို့ဖြစ်သည်။

မှတ်ချက်။ ။
လာမည့် ၂၀၁၀ ခုနှစ် ဥရောပဆိုင်ရာရံသီများအသင်းနှစ်ပတ်လည်အစည်းအဝေးကို ဂျာမနီနိုင်ငံ တွင်ကျင်း ပပြုလုပ်မည်ဖြစ်ပါသည်။



ဓါတ်ပုံများကို ဤနေရာကို ကလစ်၍ကြည့်ရှုနိုင်ပါသည်။
/span>

Summary



Rest of your post




Print this post

ရှင်ပြုပွဲ