søndag den 27. juni 2010

လုပ်အားဓါနပြုနေကြခြင်း


26.06.2010 စနေနေ့ တွင် ဓမ္မ မိတ်ဆွေများ စုပေါင်းပြီး ဘုန်းတော်ကြီးကျောင်း တွင်ဦးလှရွှေ၊ ဒေါ်အေးမူ
မိသားစုမှ စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းသမှု ပြုထားသော ကြမ်းခင်း ခင်းကျင်း ခြင်းနှင့်
အခြား လိုအပ်သည့် အရာများအားဝိုင်းဝန်း၍ လုပ်အားပေးနေကြစဉ်။
မှတ်ချက်။ ။ အထက်ပါပုံများတွင် မြန်မာပြည် ၏နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
၆၅ နှစ်မြောက် မွေးနေ့ပွဲအား ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများမှ ဘုန်းတော်ကြီးကျောင်းတွင်
အလေးထား၍ ဝိုင်းဝန်း ကျင်းပပေး နေသည့်ပုံများလည်း ပါဝင်ပါသည်။

Print this post

tirsdag den 8. juni 2010

ယနေ့ ၅ လပိုင်း ၂၂ ရက် ၂၀၁၀ စနေနေ့တွင်ဒိန်းမတ်နိုင်ငံဘာမင်းမြို့မှဓမ္မမိတ်ဆွေများစုပေါင်းပြီးလိုအပ်
နေသည့်ကျောင်းသုံးအိမ်သာ သုံးလုံးမှနောက်ဆုံးလက်ကျန် အိမ်သာတစ်လုံးအား အုတ်နံရံကာရံခြင်း၊ ကျောင်းသန့်ရှင်း လှပသာယာရေးများကို အမျိုးသားများမှ မလိုသည်များကို စွန့်ပစ်ခြင်း၊မြက်များရိပ်နုတ်
ပေါင်းသင်ခြင်း၊ အုတ်နံရံကာရံရေးအတွက်အုတ်၊သဲ၊ကျောက်များကိုစီရီပြီးပန်းရံလုပ်ခြင်း၊ အမျိုးသမီးများ
မှလည်းလုပ်အားဒါန၊ ငွေအားဒါန၊ စိတ်စေတနာအားဒါနအစရှိသည့်အလှူရှင်များအားချက်ပြုတ်ကျွေးမွေး