lørdag den 14. august 2010

၂၂ကြိမ်မြောက် ရှစ်လေးလုံး အမှတ်တရနှင့်ဆွေးနွေးပွဲ

ဒိန်းမတ်နိုင်ငံ ဘားမင်းမြို့ရှိ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် ၀၈.၀၈.၂၀၁၀ နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲ အတွင်း၌ ကျဆုံးခဲ့သောအာဇာနည်များနှင့် ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက် ပေးသွား ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ရဲဘော်အပေါင်းအားရည်စူး၍ သံဃာတော် များအား အာရုံဆွမ်းနေ့ ဆွမ်းများ ဆက်ကပ်လှူဒါန်း၍ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပါသည်။ ထို့နောက် ထိုင်းနိုင်ငံ အခြေစိုက် ABSDF မှ ရောက်ရှိလာသော တာဝန်ခံ ကိုဆလိုင်းယောအောင် နှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှု့များ ပြုလုပ်ကြပါသည်။ ကိုဆလိုင်းမှ ဒီမိုကရေစီသမိုင်းတွင် ကျောင်းသားတပ်မတော် ဖြစ်ပေါ်လာပုံနှင့် ယခင်ကာလ နှင့် ယခုကျောင်းသားတပ်မတော် မည်သို့မည်ပုံရပ်တည် နေရပုံ များကို ရှင်းလင်းတင်ပြ၍ ယခုဒိန်းမတ်နိုင်ငံတွင် ရောက်ရှိနေသော ABSDF မှရဲဘော်ဟောင်းများနှင့်မျိုးဆက်သစ် များကလည်း မည်သို့ ပြန်လည် တာဝန်ယူကြမည်ကို အသေးစိတ်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲ၏ အခြေခံကြသောအချက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် အရေးပါသော " မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး " သည်ဆက်လက် ရပ်တည်နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်း ပါဝင်ကြရန် ဖြစ်သည်။


lørdag den 7. august 2010

ဒုတိယအကြိမ် ရှင်ပြုရဟန်းခံပုံများ




၃၁.၀၇.၂၀၁၀ တွင် ဆရာတော်ဦးဥတ္တရ၊ ဦးသီလိတ္ထ၊ ဆရာတော်ဦးသြ၊ ဦးဥာဏ၊ ဦးကုမာရ အစရှိသည့် ဆရာတော်များအား အမှူးထား၍ ရှင်သာမဏေ (၈)ပါးမှ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး နောက်တစ်နေ့ ၁.၀၈.၂၀၁၀ နံက်တွင် ရဟန်းသံဃာအဖြစ်သို့ ရှင်သာမဏေ (၃) ပါးမှအသွင် ကူးပြောင်း တက်လှမ်းခဲ့ကြပါသည်။ ထို့နောက်တွင် ဆရာတော်ဦးဥာဏမှ ၂.၀၈.၂၀၁၀ နေ့တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လည် ကြွချီသွားတော်မူပါသည်။ ၃.၀၈.၂၀၁၀ တွင်မူပြင်သစ်မှ ရောက်ရှိလာသော ဆရာတော်ဦးကုမာရမှ ပြင်သစ်နိုင်ငံသို့ပြန်လည် ကြွချီသွားခဲ့ပါသည်။ ၄.၀၈.၂၀၁၀ တွင်မူ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း ( ဒိန်းမတ်) တွင် ၂၇.၀၇.၂၀၁၀ မှစ၍ဝါဆိုခဲ့သည့် ဆရာတော်ဦးသီလိထ္ထမှ ကျန်းမာရေးစစ်ဆေးရန် အကြောင်းကြောင့် အင်္ဂလန်နိုင်ငံသို့ ခေတ္တပြန်လည်ကြွချီ သွားတော်မူခဲ့ပြီး ဝါတွင်းကာလအတွင်း ပြန်လည်၍သီတင်းသုံး နေထိုင်မည်ဖြစ်ပါသည်။ ၅.၀၈.၂၀၁၀ တွင်မူ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ( ဒိန်းမတ်) ၏ဥက္ကဌဆရာတော် ဦးဥတ္တရမှ၎င်းနေထိုင် သီတင်းသုံးတော်မူရာ မူလကျောင်းတိုက်ဖြစ်သည့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကော်လန်ဒေး ကျောင်းတိုက်သို့ ပြန်လည်ကြွချီ တော်မူသွားပါသည်။ ယခုအခါတွင်မူမိမိတို့၏ ကျောင်းတိုက်တွင် ဆရာတော် တစ်ပါးတည်းသာ ဆက်လက်၍သီတင်းသုံး နေထိုင်နေပါသည်။ လက်ရှိကျောင်းတိုက်တွင် ရှိနေကြသောရှင်သာမဏေ ငါးပါးနှင့်ရဟန်းနှစ်ပါးမှာ ၈.၀၈.၂၀၁၀ တွင်ရှင်ရဟန်းအဖြစ်မှ ပြန်လည်၍ ထွက်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှု အဖွဲ့ ADB ခေါ် Aktionsgruppe for demokrati i Burma အဖွဲ့မှလည်း ၈၈၈၈ လူထုအုံကြွမှုအရေးအခင်းတွင် နိုင်ငံ့သားကောင်း ပီသစွာ အသက်ပေး စွန့်လွှတ်သွား ကြသည့်သူများအား ရည်စူး၍နှစ်ပတ်လည် အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ကို ၀၈.၀၈.၂၀၁၀ နေ့တွင် ဆက်ကပ်လှူဒါန်း ရေစက်ချ အမျှပေးဝေ၍ ဒိန်းမတ်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှအတွင်းရေးမှူး (၁) ကိုဆလိုင်းယောအောင်မှလည်း ၈၈၈၈ ဖြစ်ပေါ်လာပုံ အသေးစိတ်အား ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။ အထက်ပါပုံများမှ နှစ်သက်ရာပုံကို ဒေါင်းလုပ်လုပ်ချင်လျှင် ဒီနေရာကိုကလစ်၍ သွားရောက်ယူနိုင်ပါသည်။

ဒုတိယအကြိမ်ရဟန်းခံရှင်ပြု


ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)တွင် ဒုတိယအကြိမ် ရဟန်းခံရှင်ပြု
အလှူတော်မင်္ဂလာပွဲကျင်းပနေကြစဉ်။
အထက်ပါပုံများအား download ဆွဲချလိုလျှင် ဤနေရာသို့နှိပ်ပါရန်။