ဒိန်းမတ်နိုင်ငံ ဘားမင်းမြို့ရှိ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် ၀၈.၀၈.၂၀၁၀ နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲ အတွင်း၌ ကျဆုံးခဲ့သောအာဇာနည်များနှင့် ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက် ပေးသွား ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ရဲဘော်အပေါင်းအားရည်စူး၍ သံဃာတော် များအား အာရုံဆွမ်းနေ့ ဆွမ်းများ ဆက်ကပ်လှူဒါန်း၍ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပါသည်။ ထို့နောက် ထိုင်းနိုင်ငံ အခြေစိုက် ABSDF မှ ရောက်ရှိလာသော တာဝန်ခံ ကိုဆလိုင်းယောအောင် နှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှု့များ ပြုလုပ်ကြပါသည်။ ကိုဆလိုင်းမှ ဒီမိုကရေစီသမိုင်းတွင် ကျောင်းသားတပ်မတော် ဖြစ်ပေါ်လာပုံနှင့် ယခင်ကာလ နှင့် ယခုကျောင်းသားတပ်မတော် မည်သို့မည်ပုံရပ်တည် နေရပုံ များကို ရှင်းလင်းတင်ပြ၍ ယခုဒိန်းမတ်နိုင်ငံတွင် ရောက်ရှိနေသော ABSDF မှရဲဘော်ဟောင်းများနှင့်မျိုးဆက်သစ် များကလည်း မည်သို့ ပြန်လည် တာဝန်ယူကြမည်ကို အသေးစိတ်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲ၏ အခြေခံကြသောအချက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် အရေးပါသော " မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး " သည်ဆက်လက် ရပ်တည်နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်း ပါဝင်ကြရန် ဖြစ်သည်။
Ingen kommentarer:
Send en kommentar