lørdag den 22. maj 2010

ဓမ္မမိတ်ဆွေများလုပ်အားပေးရင်းလှူဒါန်းနေကြခြင်း



ယနေ့ ၅လပိုင်း ၂၂ရက် ၂၀၁၀ စနေနေ့တွင် ဒိန်းမတ်နိုင်ငံ ဘာမင်းမြို့မှ ဓမ္မမိတ်
ဆွေများစုပေါင်းပြီး လိုအပ်နေသည့် ကျောင်းအိမ်သာသုံးလုံးမှ နောက်ဆုံးလက်ကျန်
အိမ်သာတစ်လုံးအား အုတ်နံရံကာရံခြင်း၊ ကျောင်းသန့်ရှင်း လှပသာယာရေးများကို
အမျိုးသားများမှ မလိုသည်များကို စွန့်ပစ်ခြင်း၊ မြက်များရိတ် နုတ် ပေါင်းသင်ခြင်း၊
အုတ်နံရံကာရံရေး အတွက် အုတ်၊ သဲ၊ ကျောက်များကို စီရီပြီးပန်းရံ လုပ်ခြင်း၊
အမျိုးသမီးများ မှလည်း လုပ်အားဒါန၊ ငွေအားဒါန၊ စိတ်စေတနာအား ဒါန အစရှိ
သည့်အလှူ ရှင်များအား ချက်ပြုတ် ကျွေးမွေးခြင်း၊ သစ်ပင် ပန်းပင်များ အားထိန်း
သိမ်းပြု စုခြင်းအစရှိ သဖြင့် တက်ညီ လက်ညီ ဝိုင်းဝန်း၍ အကောင်အထည်
ဖော်နေကြသည့် ပုံများအား ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းအား သာဓုခေါ်နိုင်ရန်
တင်ပြလိုက်ရပါသည်။
ထို့အပြင်လဲ ပြည်တွင်းတွင် ရှားပါးပြတ်တောက်နေသော ရေကိစ္စ အတွက်ပြည်တွင်း
သို့ပို့ဆောင် လှူဒန်းနိုင်ရန် ADB ခေါ် Aktionsgruppe for Demokrati i Burma မှ
ကမကထ ပြုလုပ်၍ မတည်ငွေခရိုနာ ၂၀၀၀ အပြင်ဘုန်းတော်ကြီးကျောင်း သို့ယနေ့
ကြွရောက်၍ လုပ်အား ပေးကြသောဓမ္မမိတ်ဆွေများမှ စုပေါင်း ထည့်ဝင်လှူဒါန်းသည့်
ငွေခရိုနာ ၄၀၀၀ ပေါင်း ၆၀၀၀ ခရိုနာတိတိအား အခြားမှ ဓမ္မမိတ်ဆွေများလည်းသာဓု
ခေါ်ပြီး ပါဝင် ဒါနပြုရန် ဆန္ဒရှိပါက

Aktionsgruppe for Demokrati i Burma
Reg:1551
konto nr : 463001923 သို့ထည့်ဝင်လှူဒန်းနိုင်ပြီး

ကိုတေဇာတေ +45 22838096
ကိုမြတ်စိုးအေး (ခ) ကိုအရှည်ကြီး +45 50654678
အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးသို့လည်း ဆက်သွယ်ပြီး ဒါန ပြုလှူဒန်းနိုင် ပါကြောင်း သတင်း
ကောင်းပါးအပ်ပါတယ်။
သာဓု၊သာဓု၊သာဓု.....