onsdag den 28. december 2011

နှစ်သစ်ကူး ဆုတောင်းပွဲ

ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော
တရားစခန်းနှင့် အဘိဓမ္မာသင်တန်း (၃၁/၁၂/၂၀၁၁)ရက်နေ့
ညနေပိုင်းတွင် ပြီးဆုံး၍ နှစ်စဉ် ကျင်းပပြုလုပ်နေကြ နှစ်သစ်ကူး
ဆုတောင်းပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ပါသောကြောင့်
ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ...

နေ့ရက် ... (၃၀၊ ၁၂၊ ၂၀၁၁) သောကြာနေ့
အချိန် .... ညနေ ၇ နာရီ
နေရာ .... ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၇၄)
Darumvej, 6740 Bramming ...

နှစ်သစ်ကူးဆုတောင်းပွဲ

Invitation

lørdag den 24. december 2011

တရားစခန်း အစီစဉ်များ

နမော တဿ ( ၃ )ကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင့်ရန်

၁။ ညနေ (၄) နာရီမှ (၄) နာရီ ခွဲအထိ ဆရာတော် ဦးဥတ္တရ
မှ ယောဂီပုဂ္ဂိုလ်များအား အလုပ်ပေးတရား ဟောကြားပါမည်။
၂။ (၄) နာရီခွဲမှ (၅) နာရီခွဲ အထိ ( ထိုင် တရားရှူမှတ်ရန် )
၃။ (၆) နာရီ မှ (၇) နာရီ အထိ ဆရာတော် ဦးဥတ္တရ မှ ပဌာန်း
တရားတော် ပို့ချပေးပါမည်။
၎။(၇း၁၅ မှ ၈ နာရီ) အထိ စင်္ကြံန် လျှောက်ရှူမှတ်
၅။( ၈ ) နာရီ မှ ( ၉) နာရီ အထိ ( ထိုင် တရားရှူမှတ်ရန် )
၆။ (၉) နာရီ ဆုတောင်း အမျှဝေးပြီး ပြန်လည် အနားယူနိုင်ပါသည်။


၂၄.၁ ၂.၂၀၁၁ (စနေနေ့ )မှ ၂၈.၁၂.၂၀၁၁ အင်္ဂါနေ့ အထိ
တရားရှုမှတ်ရန်အစီစဉ်များ။

၁။ (၅)နာရီအိပ်ရာထရမည် ။
၂။ (၅)နာရီခွဲမှ (၆)ခွဲအထိ ( ထိုင်တရားရှုမှတ်ရမည် )
၃။ (၆)နာရီခွဲ အာရုံဆွမ်းစားရန် ။
၎။ (၇)နာရီမှ (၇)နာရီခွဲအထိ စင်္ကြန်လျှောက်ရှုမှတ်ရမည်။
၅။ (၇)နာရီခွဲမှ (၈)နာရီခွဲအထိ (ထိုင်ရှူမှတ်ရမည်။)
၆။ (၈)နာရီခွဲမှ (၉)နာရီအထိ စင်္ကြန်လျှောက်ရန်။
၇။ (၉)နာရီမှ (၁၀)နာရီ အထိထိုင်ရှုမှတ်ရမည် ။
၈။ နေ့ လည့် ဆွမ်းကပ်လှူရန် ။
၉။ နေ့ လည်(၁)နာရီမှ (၂)နာရီ အထိ ( ထိုင်တရားရှုမှတ်ရန် ။)
၁၀။ (၂)နာရီမှ (၂)နာရီခွဲ အထိ စင်္ကြန်လျှောက်ရန် ။
၁၁။ (၂)နာရီခွဲမှ (၃)နာရီခွဲအထိ (ထိုင်တရားရှုမှတ်ရန်)။
၁၂။ (၃)နာရီ ခွဲမှ ( ၄ )နာရီခွဲအထိ တရားမှတ်စင်္ကြန်လျှောက်ရန်။
၁၃။ (၄)နာရီခွဲမှ( ၅ )နာရီခွဲအထိ ထိုင်တရားရှုမှတ်ရန် ။
၁၄။ (၅)နာရီခွဲမှ (၆)နာရီခွဲအထိ ရေချိုးအနားယူရန် ။
၁၅။ ည (၆)နာရီခွဲမှ (၇)နာရီအထိ ပဌန်းတ၇ားတော်ပို့ ချပေးပါရန်။
၁၆။ ည (၈)နာရီမှ (၉)နာရီအထိ ထိုင်ရှုမှတ်ရမည် ။
(၉)နာရီဆုတောင်းအမျှဝေပြီးအနားယူရပါမည် ။

ဝိပဿနာ အခြေခံတရားတော် ဆောင်ပုဒ်

၁။ ဝိပဿနာ ၊ ဥာဏ်ဆိုတာ ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
၂။ စွဲလမ်းနိုင်ရာ ၊ ငါးခန္ဓာ ၊ မှန်စွာရှု၍ ဖြစ်သတည်း။
၃။ ဘယ်အကျိုးငှာ ၊ထိုခန္ဓာ ၊ ဘယ်ဟာရှုရပါသနည်း။
၎။ မစွဲဖို့ရာ ၊ဖြစ်ဆဲမှာ ၊ မှန်စွာရှုရပါသတည်း။
၅။ ဖြစ်ခိုက်မရှု ၊ ရုပ်နာမ်စု ၊ စွဲမှုဝင်ရောက်သည်။
၆။ မြဲတယ် ကောင်းတယ် ၊ ငါကောင်နှယ် ၊ တကယ်ထင်တတ်သည်။
၇။ ဖြစ်တိုင်းမှတ်ရှု ၊ ရုပ်နာမ်စု ၊ စွဲမှုကင်းပျောက်သည်။
၈။ မမြဲဆင်းရဲ ၊ သဘောပဲ ၊ ဥာဏ်ထဲရှင်းတော့သည်။
၉။ စွဲမှုကင်းပျောက် ၊ မဂ်လမ်းပေါက် ၊ ဆိုဒ်ရောက်နိဗ္ဗာန်ပြည်။
၁၀။ ဝိပဿနာရှုနည်း ၊ မူသေစည်း ၊ သိမ်းဆည်းထားရမည်။

ဆုတောင်း အမျှဝေ

ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြသာစည်း နိဗ္ဗာန်ပြည်သို့
အတည်မလွဲ အမြဲဧကန် အမှန်ထုတ်ချောက် ရောက်စေသော်
မရောက်သေးခါ သံသရာ၌ ကျင်လည်ရဘိ စသည်ဖြစ်လည်း
လေးဆစ်ပါယ်ရွာ ကပ်သုံးဖြာနှင့် အဋ္ဌရပ်ပြစ် ရန်စစ်ငါးသွယ်
လေးသွယ်ဝိပတ် ကင်းတုံလတ်၍ လူ့ရွာနတ်ထံ ပျော်ကာစံလည်
ဆယ်တန်သုစရိုက် ကျင့်ထိုက်အညီ ပါရမီနှင့် ဆယ်လီပုည မြတ်ဓမ္မ
ကို နိစ္စမကွာ မှတ်နာကျင့်လို တောင်းဆုဆို၏ ထိုကုသလ
ဖို့ဘာဂကို မြင့်မိုရ်မက ကြီးလှဂုဏ်အင် မွေးမိခင်နှင့် ဖခင် ဆရာ
ဥာတကာက အစထား၍ သတ္တဝါအများ နတ်တို့အားလည်း
ရငြားပါစေ ပေးငှဝေ၏ ဝသုနြေ္ဒ ဤမြေစောင့်ကြပ် အရှင်
နတ်အား သက်သေထားသည် အမျှ သာဓု ခေါ်စေသော်
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု။

mandag den 19. december 2011

ဖိတ်ကြားစာ

ဖိတ်ကြားသည်

lørdag den 17. december 2011

လှူဒါန်းနိုင်ပါကြောင်း

ယခု ဒီဇင်ဘာလ(၂၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဒိန်းမတ်
နိုင်ငံ ဘာမင်းမြို့ရှိ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း တရားစခန်း
နှင့် အဘိဓမ္မာသင်တန်းကာလအတွင်း သံဃာတော်များအတွက်
ဆွမ်း ကပ်လှူ လှူဒါန်းလိုသော စိတ်အားထက်သန်သည့် ရပ်ဝေး
ရပ်နီးမှ အလှူရှင်များ ရှိခဲ့ပါလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါ
ကြောင်း၊ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း ဂေါပက အဖွဲ့၏ တာဝန်
ရှိသူများထံမှ သိရှိရပါသည်။


ဆွမ်း ကပ်လှူ လှူဒါန်းသော အလှူရှင်များအနေဖြင့် သက်ဆိုင်ရာ
ဂေါပက တာဝန်ခံများထံ အကြောင်းကြားပြီး မိမိတို့ စေတနာ
သဒ္ဓါတရား ထက်သန်သလို စီစဉ်ဆောင်ရွက်နိုင်ကြောင်း၊ အလှူနှင့်
ပက်သက်သော ဓါတ်ပုံ မှတ်တမ်းများကို ဤ `ဗုဒ္ဓရံသီ
ဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)´ စာမျက်နှာပေါ်တွင် ဆန္ဒရှိသည့်
အတိုင်း မှတ်တမ်း တင်ပေးမည် ဖြစ်ပါသည်။

mandag den 12. december 2011

တရားစခန်းနှင့် အဘိဓမ္မာသင်တန်း

ဒိန်းမတ်နိုင်ငံအတွင်း၌ မှီတင်နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်
မိသားစုများ ခင်ဗျာ …

လာမည့် ဒီဇင်ဘာလ (၂၃.၁၂.၂၀၁၁)နေ့မှ (၂၈.၁၂.၂၀၁၁)နေ့
အထိ ဒိန်းမတ်နိုင်ငံ၊ အက်စ်ပီးယားခရိုင် (Esbjerg)၊ ဘာမင်းမြို့
(Bramming)၊ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းတွင် တရားစခန်း
နှင့် အဘိဓမ္မာသင်တန်း ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ဘုန်းတော်ကြီး
ကျောင်း ဂေါပကအဖွဲ့ထံ အသိပေး အကြောင်းကြား စာရင်းပေး
သွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

søndag den 11. december 2011

၂၀၁၁ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် (ဒိန်းမတ်)

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ၏ ဖြိုချဖျက်ဆီးခြင်း ခံခဲ့ရသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် (ရုပ်သံ)

အပိုင်း(၁)


အပိုင်း(၂)


အပိုင်း(၃)

နွေးထွေးစွာဖြင့် ကြိုဆိုပါသည် ...

ဒိန်းမတ်နိုင်ငံ အခြေစိုက် ဗုဒ္ဓရံသီ ဗုဒ္ဓဘာသာ သာသနာပြုအသင်း၏
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း အင်တာနက် စာမျက်နှာမှ စာဖတ်သူ
အားလုံးကို နွေးထွေးစွာဖြင့် ကြိုဆိုပါသည်။


စိတ်နှလုံး အေးချမ်းသာယာ ကြည်လင်ပါစေ ....