lørdag den 17. december 2011

လှူဒါန်းနိုင်ပါကြောင်း

ယခု ဒီဇင်ဘာလ(၂၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဒိန်းမတ်
နိုင်ငံ ဘာမင်းမြို့ရှိ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း တရားစခန်း
နှင့် အဘိဓမ္မာသင်တန်းကာလအတွင်း သံဃာတော်များအတွက်
ဆွမ်း ကပ်လှူ လှူဒါန်းလိုသော စိတ်အားထက်သန်သည့် ရပ်ဝေး
ရပ်နီးမှ အလှူရှင်များ ရှိခဲ့ပါလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါ
ကြောင်း၊ ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း ဂေါပက အဖွဲ့၏ တာဝန်
ရှိသူများထံမှ သိရှိရပါသည်။


ဆွမ်း ကပ်လှူ လှူဒါန်းသော အလှူရှင်များအနေဖြင့် သက်ဆိုင်ရာ
ဂေါပက တာဝန်ခံများထံ အကြောင်းကြားပြီး မိမိတို့ စေတနာ
သဒ္ဓါတရား ထက်သန်သလို စီစဉ်ဆောင်ရွက်နိုင်ကြောင်း၊ အလှူနှင့်
ပက်သက်သော ဓါတ်ပုံ မှတ်တမ်းများကို ဤ `ဗုဒ္ဓရံသီ
ဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)´ စာမျက်နှာပေါ်တွင် ဆန္ဒရှိသည့်
အတိုင်း မှတ်တမ်း တင်ပေးမည် ဖြစ်ပါသည်။

Ingen kommentarer:

Send en kommentar