søndag den 16. december 2007

ဗုဒွှဘာသာဝင်များအတွက်သတင်းကောင်း

ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)
ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ် ပီနန်ဆရာတော် ဘုရားကြီး ဦးပညာဝံသ ခေါင်းဆောင်ပြီး သံဃာ၅ပါး ပါဝင်သော အဖွဲ့သည် ဥရောပသို့ သာသနာပြု ခရီးထွက်ခဲ့စဉ် ဒိန်းမတ်နိုင်ငံသို့ ၂၀၀၆ ခုနစ် ဒီဇင်ဘာလတွင် ရောက် ရှိခဲ့ ပါသည်။
နိုင်ငံခြားတွင် ဘာသာ သာသနာနှင့်ဝေးကွာပြီး ဒိန်းမတ် နိုင်ငံတွင် ရောက်ရှိနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ ၀င် ဒါယိကာ၊ ဒါယိကာမ များ၏ လျှောက်ထားချက်အရ ပီနန်ဆရာတော် ဘုရား ကြီး ဦးပညာဝံသမှ ဒိန်းမတ်နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေးအတွက် လန်ဒန်ဆရာတော် ဦးဥတ္တရအား တာဝန်ပေး အပ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် လန်ဒန်ဆရာတော် ဦးဥတ္တရဦးစီပြီး ဘုန်းတော်ကြီးကျောင်း ၀ယ် ယူနိုင်ရေး အတွက် ဒိန်းမတ်နိုင်ငံရောက် ဒါယိကာ၊ ဒါယိကာမ များထံမှအလှုငွေ ကောက်ခံခဲ့ရာ စုစုပေါင်းအလှုငွေ ၁၀၆၁၀၀ ခရိုနာ ရရှိခဲ့ပါသည်။
လစဉ်ကျေးငွေ များ ကိုလည်း ဆက်လက်ကောက်ခံခဲ့ရာ စုစုပေါင်းအလှုငွေ ဒိန်းမတ်ငွေ ၂၆၄၇၀ ခရိုနာ ရရှိခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ တရပ်ကိုလည်းဖွဲ့စည်းခဲ့ပါသည်။ သို့သော် ဒိန်းမတ်အစိုးရထံ သို့ တရားဝင် မှတ်ပုံတင် နိုင်ရေး အတွက်ကြိုးပမ်းအားထုတ်စဉ် ဘာသာစကားခက်ခဲမှုရှိခဲ့၍ နှေက်နှေးမှု များရှိခဲ့သည်ကို ခွင့်လွှတ်နားလည်ပေးကြပါရန် အနူးအညွတ် ၀န်ခံ တောင်ပန်အပ်ပါသည်။ယ္ခုအချိန်တွင် ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ ၏ ကြိုးပမ်းအားထုတ်မှု ကြောင့် တရားဝင် စာရွက်စာတမ်း များ ပြီးမြောက်တော့မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဗုဒ္ဓရံသီဘုန်တော်ကြီးကျောင်းဝယ်ယူလည်ပတ်နိုင်ရေးအတွက် ဒိန်းမတ်နိုင်ငံရောက် ကျန်ရှိ နေသေးသော ဗုဒ္ဓဘာသာ ဒါယိကာ၊ ဒါယိကာမများ၊ နှင့် နိုင်ငံတကာမှ အမျိုးကောင်းသား အမျိုးသမီး များအား ထပ် လောင်း နိုးဆော် အပ် သည် မှာ. သဒ္ဒါတတ်အား နည်းများမဆို ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း အတွက် မတည်ငွေ နှင့်လစဉ်ကျေး ငွေများကို ပါဝင် လှုဒါန်းကြပါရန် နိဗ္ဗာန်ကို အကျိုး မျှော်၍ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျား။အလှုငွေများကို..........

Buddha Ramsi
Spar Bank
BANK ACC NO.(8119-0004608755)
Denmark
တွင်ပေးပို့လှူဒါန်းနိုင်ပါသည်။
တယ်လီဖုန်း+45 96 71 20 71
+45 75 22 05 32
+44 20 82 05 02 211
တွင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဗုဒ္ဓရံသီ ဘုန်းတော်ကြီကျောင်း
ဖြစ်မြောက်ရေးကော်မတီ
မှတ်ချက်။ ။ ကျောင်းဆောက်လုပ်ရန် ဒိန်းမတ်ခရိုနာ ၁၀ သိန်းကျော်ကုန်ကျမည် ဖြစ်ပါသည်။

Ingen kommentarer:

Send en kommentar