onsdag den 18. marts 2009

ဓမ္မမိတ်ဆွေများအားအသိပေးခြင်း။

ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ အပေါင်းတို့ အား ၀မ်းမြောက်စေခြင်းအလို့ငှာ တင်ပြ အပ်ပါသည် ကျွန်ုပ်တို့၏ ဒိန်းမတ်နိုင်ငံရှိ ဘုန်းတော်ကြီးကျောင်း ကြီးသည် အစစအရာရာ တစ်ဖြေးဖြေးချင်း တိုးတက်လျှက်ရှိပါသည်။ ကျောင်း၏တန်ဘိုးတစ်ဝက်ကျော်အားလည်း ပေးချေပြီးဖြစ်သည်။ ယခုအချိန်တွင် ကျောင်းအမည်နှင့် မှတ်ပုံတင် ရရှိပြီးဖြစ်ပါသည်။ တစ်နည်းဆိုရသော် ( CVR ) နံပါတ်ရရှိထားပြီဖြစ်၍ နိုင်ငံတော်မှ တရားဝင် အသိ အမှတ် ပြုခြင်း ခံထားရပြီးဖြစ်ပါသည်။ ဆက်လက်၍ ဘုန်တော်ကြီးကျောင်းတွင်လည်း ဆရာတော်တစ်ပါး ထာဝရသီတင်း သုံးနေထိုင် နိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်း ၏ တာဝန်ရှိသူများမှ ကြိုးစား ဆောင်ရွက် နေကြပါသည်။ အမြဲတမ်းသီးတင်းသုံး နေထိုင်ခွင့်ပေး ရန်အတွက်မှာမူကား အခက်အခဲများ ရှိနေသဖြင့် ကြန့်ကြာ နေရခြင်းဖြစ်ပါသည်။ သို့သော်ယခုမှာမူကား ကိစ္စများအားလုံးအပြီးသတ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ မကြာခင်အချိန်တွင် အမြဲတမ်း ကျောင်းထိုင်ဆရာတော် တစ်ပါး အား ပင့်ဆောင် နိုင်တော့မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဒိန်းမတ်နိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းသည် ဆရာတော်ကြီးများ၏ သြ၀ါဒအတိုင်း ပုံမှန်အတိုင်း ရှေ့သို့သာ ဆက်လက် ခရီးဆက်နေပါသည်။

သို့ပါသော်လည်း ဤ၀က်ဆိုဒ် တွင်တင်ထားသည့်ကိစ္စမှာ ဒိန်းမတ်နိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းနှင့် မည်သို့မျှမသက်ဆိုင်ပါကြောင်း နှင့် ထိုအကြောင်းအရာမှာ စာရေးသူနှင့် သာသက်ဆိုင်ကြောင်း ဓမ္မမိတ်ဆွေ အားလုံးတို့ အား အသိပေးကြေငြာအပ်ပါသည်။


ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း(ဒိန်းမတ်)
ဂေါပကအဖွဲ့

Ingen kommentarer:

Send en kommentar