onsdag den 15. april 2009

၂၀၀၉ သင်္ကြန်

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း တည်ရှိရာ ဒိန်းမတ်နိုင်ငံ ဘားမင်း မြို့တွင် ဧပြီလ ၁၁ ရက်နေ့ တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အင်္ဂလန်နိုင်ငံမှ ကြွရောက်လာသော ဆရာတော် ငါးပါးအား နံနက် အာရုံဆွမ်းကပ်လှူခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ နေ့လည်ချိန်တွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ တရားတော်များ နာကြားခြင်း၊ ဘားမင်းမြို့ရှိ လူငယ်များ၏ နေခြည် တေးဂီတ ဖြင့် ဖျော်ဖြေတင်ဆက်၍ ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။ ညနေအချိန်တွင် ဆရာတော်များမှပရိတ်တရား ထပ်မံ ဟောကြားပေးပြီး သီလ စောင့်တည်ခဲ့ကြပါသည်။ ရပ်နီးရပ်ဝေးမှ လာရောက်ကြသော ဧည့် သည်များအားလည်း အစားအစာများဖြင့် ကျွေးမွေးဧည့်ခံ၍ ကလေးငယ်များအား မဲစနစ်ဖြင့် လက်ဆောင်များပေးခြင်းဖြင့် ၁၃၇၁ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း......................................


























































Ingen kommentarer:

Send en kommentar